CCleaner Pro သည် Microsoft Windows ကွန်ပျူတာများအတွက် အသုံးဝင်သော Utility ဆော့ဝဲလ်တစ်ခုဖြစ်သည်။ ကွန်ပျူတာဆော့ဝဲလ်များကို အသုံးပြု၍ မိမိတို့လိုအပ်သော ကိစ္စများကို ပြုလုပ်ကြရာ ထိုပြုလုပ်ချက်များ၏ နောက်ကွယ်တွင် မလိုအပ်သော ဖိုင်အကျိုးအပဲ့များ၊ Temporary ဖိုင်များ ကျန်ခဲ့ပါသည်။ ကွန်ပျူတာအသုံးပြုတာ ကြာလာသည်နှင့်အမျှ ထိုမလိုအပ်သော ဖိုင်အကျိုးအပဲ့များ ပို၍ များလာပြီး ကွန်ပျူတာ၏ Storage မှာ နေရာယူခြင်းနှင့် ကွန်ပျူတာအသုံးပြုရတာ နှေးလာခြင်းများ ဖြစ်တတ်ပါသည်။ CCleaner သည် ထိုမလိုအပ်သော အမှိုက်များကို ရှင်းလင်းရန်အတွက် အကောင်းဆုံးသော ဆော့ဝဲလ်များထဲမှ တစ်ခုဖြစ်ပါသည်။

အင်တာနက် အသုံးပြုခြင်း၏ နောက်ကွယ်မှာ ကျန်ခဲ့သော Browsing History များ၊ Cookie များ၊ Password Information များကိုပါ ရှင်းလင်းပေးနိုင်၍ မိမိ၏ Privacy ကိုလည်း ကာကွယ်ပေးနိုင်ပါမည်။ ကွန်ပျူတာ Recent ဖိုင်များကိုလည်း ရှင်းလင်းပေးနိုင်ပါသည်။

CCleaner Pro

၎င်းအပြင် မလိုအပ်သော ဆော့ဝဲလ်များကို Uninstall ပြုလုပ်ခြင်း၊ မလိုအပ်ဘဲ Run နေသော Service များ၊ Scheduled task များကို ပိတ်ခြင်း၊ မလိုအပ်သော Startup Program များကို Disable ပြုလုပ်ခြင်း များလည်း ပြုလုပ်နိုင်၍ များစွာ အသုံးဝင်သော ဆော့ဝဲလ်တစ်ခုဖြစ်ပါသည်။

System Requirements for CCleaner Pro Plus

  • Operating System: Windows 7/8/8.1/10/11
  • Memory (RAM): 1 GB of RAM required.
  • Hard Disk Space: 30 MB of free space required.
  • Processor: Intel Dual Core processor or later.
  • Compatibility Architecture: 32 Bit (x86) / 64 Bit (x64)

Install ပြုလုပ်နည်း၊ Activate ပြုလုပ်နည်းနှင့် အသုံးပြုနည်းအား အောက်ပါ Video တွင် ကြည့်ပါ။

CCleaner Pro Download ရယူရန်

Free Download ရယူရန် အောက်ပါ Download Button ကို နှိပ်ပါ။ ၎င်းသည် Windows အတွက် Offline installer တစ်ခုဖြစ်ပြီး 32-bit နှင့် 64-bit windows နှစ်မျိုးစလုံးတွင် Install ပြုလုပ်နိုင်သော Package တစ်ခု ဖြစ်ပါသည်။

Password: PowerTech

တခြား Tutorials များကို ဒီမှာ ကြည့်နိုင်ပါသည်။ တခြားဆော့ဝဲလ်များကို ဒီမှာ Download ပြုလုပ်နိုင်ပါသည်။